ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း ၊သာသနာ့ဗိမာန်တော်၌ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင် (၄၇)ပါးတို့အား ဂုဏ်ပြုပူဇော်အပ်သော သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

ပေါင်းတည်၌ ရေစီးရေလာကောင်းမွန်‌စေ​ရေးနှင့် ရေကြီးရေလျှံမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ပြန်လည်ဆယ်ယူတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက စျေး(၂)ရပ်ကွက် မင်းသားကြီးကန်တော်အနီး ရန်ကုန်-ပြည်လမ်းနှင့် ဘုရားကြီးလမ်းရှိ ရေနှုတ်မြောင်းများအား ပြန်လည်ဆယ်ယူတူးဖော်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းမှ စုဆောင်းငွေအပေါ် အတိုးပေအပ်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အမက)ဖိုးခေါင်အခြေခံပညာ မူလတန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းမှ စုဆောင်းငွေအပေါ်အတိုးပေအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ် အ.လ.က(ချောင်းခွ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ချောင်းခွ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး‌

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ယနေ့နံနက်နံနက်ပိုင်းက ခွဲစိတ်ကုသမှုများပြုလုပ်ပေးရာ ပဲခူးတိုင်း‌ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ ဥက္ကဋ္ဌဒေါ်စန္ဒာထွေးနှင့် အဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များမှ  ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်မြို့၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (၅)ရာခိုင်နှုန်း‌ ဈေး‌လျှော့ရောင်းချပေး

ယနေ့ကျရောက်သည့် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ အထိမ်းအမှတ်‌နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ "မင်းဧရာ" ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်က သမဝါယမအသင်းသား ပြည်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (၅)ရာခိုင်နှုန်း‌ ဈေးလျော့ရောင်းချပေးခြင်း‌ ဆောင်ရွက်သည်။

အုတ်တွင်းမြို့နယ်၊ သရက်ကုန်းကျေးရွာဧက (၁၀၀)နှင့် မြောက်ထန်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်းဘေးဝဲယာတစ်လျှောက်တွင် မိုးရာသီ သီးပင်၊ စားပင်များ စိုက်ပျိုးခြင်းအခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ မိုးရာသီ သီးပင်၊ စားပင်များအားစိုက်ပျိုးခြင်းကိုယနေ့ မွန်းလွဲပိုင်းက သရက်ကုန်းကျေးရွာ ဧက (၁၀၀) ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်းနှင့် မြောက်ထန်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်း(၂) လမ်းဘေးဝဲ၊ ယာတစ်လျှောက်တွင် စိုက်ပျိုးခဲ့သည်။

အုတ်တွင်းမြို့နယ်၌(၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင် ကျရောက်သည့်(၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် ကသမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ယ​နေ့နံနက် (၉)နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ အင်းမမြို့ရှိ ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက် ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး