ပဲခူးတိုင်းဒေသကြီး

ဖြူး အ.ထ.က(၁)အမျိုးသားကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မရဲစခန်းမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကွမ်းဆေးလိပ်မှအစ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရေးအတွက် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁) ရက်၊ မွန်းလွဲ(၁)နာရီအချိန်က အ.ထ.က(၁)ကျောင်း ရာပြည့်ခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားခွဲခြားတတ်စေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန်၊ မိမိတို့သိထားသောဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် (၉) အချိန်က အ.မ.က (လွန်) ခတ္ထိယကျောင်းနှင့် အ.မ.က (လွန်) တမာကုန်းကျောင်းများသို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် activity များ လုပ်ဆောင်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ မင်းရပ်သိပ္ပံလမ်းအား ကွန်ကရစ်ဖြင့်လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မင်းရပ်သိပ္ပံလမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူကာ ကွန်ကရစ်ဖြင့် လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းတွင် သုံးဘီးမော်တော်ယာဥ်ဖြင့် စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ တတိယအကြိမ်မြောက် စုပေါင်းမိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက် ၈ နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် စိမ်းလန်းစိုပြေစေရေးတို့အတွက် တတိယအကြိမ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက စီမံကြီးကြပ်၍ ပေါင်းတည်မြို့အုပ်ဖို(၁)ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က လက်ခုတ်တန်းကျောင်းနှင့် အမကတပ်သစ်ကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

ဖြူးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းညှိနှိုင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ဆဌမအကြိမ် ချေးငွေထုတ်ချေးနိုင်ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များ၊ အသင်းသား၊ အသင်းသူများနှင့် စက်တင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါကျေးရွာဓမ္မာရုံတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မိခင်ကလေးကျန်းမာရေးဌာနတိုက်နယ် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ အပတ်စဥ် တနင်္လာနေ့တိုင်း ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဈေးနှုန်းသက်သာသော ဓာတ်မြေဩဇာများပေးအပ်

ပဲခူးမြို့၊ ကတွင်းခြုံကျေးရွာအုပ်စု၌ စက်တင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဈေးနှုန်းသက် သာသောဓာတ်မြေဩဇာများပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ထောက်ပံ့ငွေ MSMEs ထုတ်ချေးခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ထောက်ပံငွေ MSMEs ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး