ပေါင်းတည် နိုဝင်ဘာ ၅
ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ နေ့ထူးနေ့မြတ်နေ့ တန်ဆောင်မုန်းလပြည့်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ ဘုရား စေတီ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်သူ အလှူဒါနပြုသူ ပန်း၊ ရေချမ်း၊ ဆီးမီး ပူဇော်သူများဖြင့် စည်ကားများပြားခဲ့သည်။
ကထိန်ပွဲအခါ နောက်ဆုံးနေ့ ထိုနေ့တွင် အချို့ကျောင်းတိုက်များ၌ ဘုံကထိန်သင်္ကန်းကပ် လှူခြင်းနှင့်အလှူတော်ပွဲများ အောင်မြင်ပြီးစီးအောင် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ရပ်ရွာများ အတွင်း၌ လူငယ်များသည် မယ်ဇလီဖူးများကို ခူးဆွတ်ကာ ဆေးဖက်ဝင် မယ်ဇလီဖူးသုပ်များကို ပျော်ပျော်ပါးပါးဝိုင်းဖွဲ့စားသုံးခဲ့ကြသည်။
မြို့နယ်အတွင်းရပ်ရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဆွမ်းလောင်းရုံများတွင် စုပေါင်း အလှူဖြင့် စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ပံ့သကူအလှူပြုခြင်း စသည့် ဗုဒ္ဓဘာသာဝင်တို့ ၏ ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်းစဉ်လာများကို အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)