ပေါက်ခေါင်းမြို့နယ် အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပေါက်ခေါင်း နိုဝင်ဘာ  ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက သွားနှင့်ခံတွင်း ကျန်းမာရေးနှင့်ပတ်သက်သောအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေးပြောကြားပြီး ကျောင်းကျန်းမာရေးဝန်ထမ်းများက ကျောင်းမုန့်စျေးဆိုင်များ အိုင်အိုဒင်းဆား သုံးစွဲမှုရှိ၊မရှိ စစ်ဆေးခြင်း၊ စနစ်မှန်လက်ဆေးနည်းသင်ကြားပေးခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုရှိ၊ မရှိ စစ်ဆေးခြင်းတို့အပြင် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လက်သည်းခြေသည်းများစစ်ဆေးပေးခြင်း အစရှိသည့် အထွေထွေ ကျန်းမာရေးစစ်ဆေးပေးခြင်းများအားပြုလုပ်ပေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုများကို ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)