ပဲခူးမြို့၌ တန်ဆောင်တိုင် တေးဂီတဖျော်ဖြေပွဲတစ်ရက်ထပ်တိုး ကျင်းပပြုလုပ်ပေးခဲ့

ပဲခူး နိုဝင်ဘာ ၁၆

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ဒေသခံပြည်သးများ၏ တောင်းဆိုမှုကြောင့် တန်ဆောင်တိုင် တေးဂီတဖျော်ဖြေပွဲအား ယမန်နေ့ ညပိုင်းအချိန်ကကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။         

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် နိုင်ငံကျော်သရုပ်ဆောင်/အဆိုတော်များ၏ တေးဂီတဖျော်ဖြေနေမှုအား ပြည်သူများနှင့်အတူကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တစ်ရက်ထပ်တိုး တန်ဆောင်တိုင်ပွဲတော်အား ဒေသခံပြည်သူများ၊ တန်ဆောင်တိုင်ပွဲတော်လာဧည့်ပရိသတ်များ၏တောင်းဆိုချက်အရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ တစ်ရက်ထပ်တိုးကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်သည် အေးချမ်းပျော်ရွှင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)