ပန်းတောင်းမြို့နယ်၌ (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး
ကျန်းမာရေးသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ရာ လူသားများ အသက်ရှည်ကျန်းမာသက်တမ်းစေ့နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။