ပဲခူးတိုင်းဒေသကြီး

ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများ စည်ကားများပြား

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်(အကျနေ့) နံနက်ပိုင်းတွင် ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။

သာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အကျနေ့) ရေကစားသူများစည်ကား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကျနေ့)တွင် ဗဟိုရေကစားမဏ္ဍပ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ရေကစားကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၊ ဗဟိုမဏ္ဍပ်၌ သင်္ကြန်အကျနေ့တွင် ရေကစားသူများဖြင့် စည်ကား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပလျက်ရှိရာ ယမန်နေ့တွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားအား ဧပြီ(၁၃)ရက် နံနက်ပိုင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်သည်။

ပေါင်းတည်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ သင်္ကြန်အကြိုနေ့  နံနက် ၉ နာရီက ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ဘုရားကြီးလမ်း ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသည်။

တောင်ငူမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပသည်။

ရွှေကျင်မြို့နယ်၊  ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးပညာပေးခြင်းနှင့်ဆေးကုသပေးမည့်နေရာ ကြိုတင်ပြင်ဆင်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများအတွက် လာရောက်ပြသသည့်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာ ကြိုတင်စီစဥ်ထားကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် သင်္ကြန်အကြိုနေ့ မဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်တို့၌ ရေပက်ကစားသူတို့ဖြင့် စည်ကားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို အောင်သုခရပ်ကွက် လွတ်လပ်ရေးပန်းခြံရှေ့တွင် ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး