ရွှေကျင် ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများအတွက် လာရောက်ပြသသည့်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာ ကြိုတင်စီစဥ်ထားကြောင်း သိရသည်။
အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သည့်ရောဂါများအတွက် ကျန်းမာရေးပညာပေးခြင်း၊ ကြိုတင်စီစဥ်ထားရှိမှုနှင့်ပတ်သက်၍ ဆေးရုံအုပ် ဒေါက်တာမြတ်သူက ရွှေကျင်မြို့၊ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ လူနာများအားလက်ခံကုသပေးမည့်နေရာကို ကြိုတင်စီစဥ်ထားရှိခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ အပူဒဏ်အန္တရာယ်လူနာများ အရေးပေါ်ကုသမှုပေးရာတွင် လုပ်ငန်းလမ်းညွှန်နှင့်အညီ လေ့ကျင့်မှုများ ဆောင်ရွက်ထားရှိခြင်းအပါအဝင် လူနာစောင့်များအား ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)