ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ၂၀၂၆ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်း လျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် နံနက်က ခရိုင်စုပေါင်းရုံးရှေ့ ရန်ကုန်မန္တလေး ကားလမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

ကြို့ပင်ကောက်မြို့၌ သင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်ပြည်ကားလမ်းဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အ-ထ-က (ကျောက်တံခါး) ကျောင်းရှေ့ အောင်သပြေလမ်းနှင့် ဦးစံကျော်လမ်းပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ဝေါမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပသည်။

ရွှေတောင်မြို့နယ်၌ (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ

ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် (၁၃၈၇) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကိုယနေ့ နံနက် (၉) နာရီအချိန်က ကြာနီကန်ရပ်ကွက်၊ ဆေးရုံလမ်းဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကျင်ပ

ပဲခူးတိုင်းဒေသကြီးအရှေ့ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်း ဝဲပျံဘုန်းတော်ကြီးကျောင်းရှေ့ မြန်မာ့ရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ယနေ့ နံနက် ၉ နာရီတွင်  မြန်မာ့ရိုးရာအတာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းကလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီးရှေ့ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပဲခူး-ကဝ လမ်းမကြီးပေါ်တွင်ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်၌ (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဥ်​ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ

ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၁၃၈၇) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲကိုယနေ့ နံနက်(၉)နာရီအချိန်က ရပ်ကွက်(၁)၊ ရုံးလမ်း၊ မြို့မရဲစခန်းရှေ့ရှိ ဗဟိုရေကစားမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး