ပဲခူးတိုင်းဒေသကြီး

ရွှေကြို့မြေဘိုးဘွားရိပ်သာမှဘိုးဘွားများအား UID(Smart Card)များ ကွင်းဆင်းဆောင်ရွက်‌ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွှေကြို့မြေဘိုးဘွားရိပ်သာရှိဘိုးဘွားများအား Biometric Data ကောက် ယူ၍ UID(Smart Card)များကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ဩဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ကျော်ဇေယျမှ အားပေးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့၌ ဥပဒေအရကိုင်ဆောင်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးက ကျင်းပပြုလုပ်သည့် ဥပဒေအရ ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာဆွေးနွေးပွဲကို ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဖြူးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပညာရတနာကိုယ်ပိုင်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသပွဲကို ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမားရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အ.ထ.က ရေတာရှည်အောင်ဆန်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား‌ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁၅ ရက်မှ စတင်ကာ မြို့မ အ-ထ-က ကျောင်းအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။

သာယာဝတီမြို့ သင်တောရိုးအုပ်စုတွင် နွေစပါးစိုက်ခင်းများ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု့အားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း နွေစပါးစိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်း၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခန့်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား”ကို ယနေ့နံနက် ၁၀ နာရီက ပြည်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများနှင့် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်ဆောင်င်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အ.မ.က (လွန်) ၃ လမ်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် ကရင်တအိမ်အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စု၊ ကရင်တအိမ်ကျေးရွာတွင် ကရင်တအိမ်အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က ပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး