ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အတက်နေ့) ရေကစားသူများ စည်ကားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့) တွင် ဗဟိုရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ရေကစားကြသူများ၊ စတုဒိသာကျွေးမွေးမှုများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ဖြစ်ပွားပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်တက်သော ရောဂါများအား ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသောလူနာများကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့  သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲနေကြသည့် ဒေသခံပြည်သူများ အထူးစည်ကား

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်  ဗဟိုမဏ္ဍပ်၌ ရေသဘင်ပွဲ ပျော်ရွှင်စွာဆင်နွှဲကြသော ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့၌ ‌‌ရေကစားသူများ စည်ကားများပြား

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့၌ ‌‌ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ  အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့်စည်ကားများပြားလျက်ရှိသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဖြူးချောင်းဆည်ရေပိုလွှဲတွင် ရေကစားသူများဖြင့် စည်ကား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ဖြူးချောင်းဆည် ရေပိုလွှဲအတွင်း  ရေကစားသူများဖြင့် စည်ကားနေကြောင်း သိရသည်။

သာယာဝတီမြို့၌ မဟာသင်္ကြန်အကြတ်နေ့ ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ယနေ့ မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက ရေကစားဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ရေကစားရန် လာရောက်ကြသော ပြည်သူများစည်ကားလျက်ရှိသည်။

ရွှေကျင်မြို့နယ်တွင် သင်္ကြန်(အကြတ်နေ့) ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်တို့၌ ရေပက်ကစားသူတို့ဖြင့် စည်ကား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်(အကြတ်နေ့)တွင် ညဈေးလမ်းဆုံ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ယနေ့နံနက်ပိုင်းအချိန်မှစ၍ စည်ကားလျက်ရှိသည်။

လက်ပံတန်းမြို့နယ်၌ အပူဒဏ်ကာကွယ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများဖြင့် စည်ကား

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီ ပွဲတော်များအနက် အထွတ်အမြတ်ထားရာဖြစ်သော ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ ရေပက်ကစားသူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပဲခူးမြို့၏ သင်္ကြန်အကျနေ့ အထူးစည်ကား

ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့အား ယနေ့နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့ရာ ရေသဘင်ပွဲပါဝင်ဆင်နွှဲကြသည့် သင်္ကြန်ပွဲလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး