ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ဖြစ်ပွားပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်

ရွှေတောင် ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်တက်သော ရောဂါများအား ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသောလူနာများကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်ရှိ ကျီးသဲတိုက်နယ်ဆေးရုံ၌ အပူဒဏ်ကြောင့် ရောက်ရှိလာသော လူနာများအား လက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများကြိုတင်ဖြည့်ဆည်းထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပွားသည့် လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများဆောင်ရွက်ခြင်း အပါအဝင် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြသနာများ၊ ကာကွယ်ကုသရေးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)