မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဖြူးချောင်းဆည်ရေပိုလွှဲတွင် ရေကစားသူများဖြင့် စည်ကား

ဖြူး ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ဖြူးချောင်းဆည် ရေပိုလွှဲအတွင်း  ရေကစားသူများဖြင့် စည်ကားနေကြောင်း သိရသည်။

ဖြူးချောင်းဆည်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၁၁၅) မိုင် အနောက်ဘက် (၅) မိုင် အကွာအဝေးတွင် တည်ရှိပြီး ဖြူးဒေသအနေဖြင့် အခြားအားလပ်ရက်များနှင့် သင်္ကြန်ကာလအတွင်း ရေကစားခြင်း၊ အပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိပြီး ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြူးချောင်းဆည်သို့ သွားရောက်သည့် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကားများအား ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသစ် မိုင်တိုင် (၁၁၅) မိုင်သို့ သွားရာ ဆားဂွန်းလမ်းဆုံနေရာတွင် မလိုလားအပ်သည့် ခိုက်ရန်မဖြစ်ပွားစေရေး၊ ယာဉ်များစည်းကမ်းတကျမောင်းနှင်ရေး တာဝန်ရှိသူများက စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)