ပဲခူး ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်၌ ရေသဘင်ပွဲ ပျော်ရွှင်စွာဆင်နွှဲကြသော ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ပဲခူးမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့တွင် ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများ၏ စတုဒီသာမဏ္ဍပ်များ၌ ထမင်း၊ မြန်မာမုန့်မျိုးစုံ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် အအေးမျိုးစုံတို့အား သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲနေကြသည့် ဒေသခံပြည်သူများအား တိုက်ကျွေးလျက်ရှိပြီး ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော် သရုပ်ဆောင် အဆိုတော်များ၏ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမှုနှင့် မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအဖွဲများက ဧည့်ခံဖျော်ဖြေလျက်ရှိသည်။
အလားတူ မြို့နယ်(၂၈)မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် DJ တီးခတ် ဖျော်ဖြေမှု၊ သင်္ကြန်ပွဲလာ ဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲပါဝင်ဆင်နွှနေမှု၊ မြူးကြွလှပသော ယိမ်းအကအဖွဲများ၏ သီဆိုကပြမှုများ၊ အေးမြလန်းဆန်းမှုပေးသည့် လမ်းလျှောက်သင်္ကြန်နှင့်အတူ စေတနာရှင်ပြည်သူများမှ စတုဒိသာကျွေးမွေးလှူဒါန်းမှုတို့ဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)