ကျိုက်လတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များ INSTALLATION တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များ INSTALLATION တပ်ဆင်အသုံးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။