ကျောင်းကုန်းမြို့၌ အ.လ.က(ခွဲ)(ဆင်ကူး) နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်

ကျောင်းကုန်း ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဆင်ကူးအုပ်စု၊ ဆင်ကူးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်၊ ထက်အုပ်ဆရာကြီး ဦးရဲမြင့်ထွန်း၊ ကျောင်းအကျိုးဆောင်ဥက္ကဋ္ဌ ဦးအုန်းလွင်နှင့်ကျောင်း အုပ်ဆရာကြီး ဦးအောင်မျိုးထွဋ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါကျောင်းဆောင်သစ်သည် အလျား၁၃၀ ပေ၊ အနံ ၃၀ ပေ၊ RCC (၂)ထပ်ဖြစ်ပြီး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း (၆၆၀.၄၈၀)ဖြင့် “Winner Star” ကုမ္ပဏီက တာဝန်ယူတည်ဆောက်ကာ‌ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်