ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ်၌ လူငယ်များ တက်ကြွစွာဖြင့် ပါဝင်မဲပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​​ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အား ယနေ့နံနက်(၆)နာရီမှ စတင်၍ မြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ​၌ကျင်းပဆောင်ရွက်လျက်ရှိသည်။

ဇလွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ်၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက်၂၀၂၆ ခုနှစ် ဇန်နဝါရီ  ၂၅ ရက်‌ ယ‌နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည်။

လေးမျက်နှာမြို့၌ မဲဆန္ဒရှင်ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒမဲပေး

ဒေသအတွင်း မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအမြင်ကို ဒီမိုကရေစီနည်းလမ်းဖြင့်ဖော်ထုတ်နိုင်ရေးအတွက် အရေးပါသော လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို လေးမျက်နှာမြို့၌  ယနေ့နံနက် (၆)နာရီမှစတင်ကျင်းပရာမဲဆန္ဒရှင် ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက် ယနေ့တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစတင်ကျင်းပရာ  ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌   ပြည်သူများလာရောက် မဲပေးလျှက်ရှိသည်။

ဒေးဒရဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အေးချမ်းစွာဖြင့် စတင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ဒေးဒရဲမြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ၌ ယနေ့ နံနက်(၆)နာရီမှစတင် ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများက အေးချမ်းစွာဖြင့် ဆန္ဒမဲများ စတင်ပေးလျက်ရှိသည်။

အင်္ဂပူမြို့နယ် အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲဆန္ဒရှင် ပြည်သူများအေးချမ်းစွာဆန္ဒမဲပေး

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ (၂၅)ရက်တွင် နံနက်(၆)နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ရှိ  မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြသည်။ 

ကြို့ပင်ကောက်မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပ 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅)ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)  ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်မိသားစုဝင်များရေကြည်မြို့နယ်၌ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်ဆန္ဒမဲပေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် (၆) နာရီမှ စတင်ကျင်းပလျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်မိသားစုဝင်များကအောင်ဆန်းရပ်ကွက်ဘုရားကြီးကုန်း အခြေခံပညာမူလတန်းကျောင်း မဲရုံအမှတ် (၁)၌  ပါဝင်မဲပေးသည်။

ဘိုကလေးမြို့နယ်တွင် (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စတင်ကျင်းပ

ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယမဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး၍ (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီ အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

ဘက်ရဲမြို့ရှိ တိလောကမာရဇိန် အေးချမ်းသာယာစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကြံခင်း-ဘက်ရဲကားလမ်းဘေးတွင် တည်ထားကိုးကိုယ်လျက်ရှိသော တိလောကမာရဇိန် အေးချမ်းသာယာစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းနှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ရာ ပင့်သဃာတော်အရှင်သူမြတ်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ခုနှစ်ရက်သားသမီးအလှူရှင်များ ကြွရောက်ချီးမြှင့်ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး