ဧရာဝတီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်/စာစောင်ပြပွဲများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရွှေဇင်ယော်(၁)တွင် ဆောင်ရွက်ခဲ့သည်။

အိမ်မဲမြို့ အ.မ.-က(ကျွဲလမ်း)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့်ဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ထိန်ငူကျေးရွာအုပ်စု အ.မ.က(ကျွဲလမ်း)တွင် တာဝန်ရှိသူများကပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာ  ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက အဆိုလမ်းသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် နိကာယ်ငါးရပ်စာမေးပွဲဖြေဆိုရန် ကြွရောက်လာသည့် ရဟန်း၊ ရှင်သာမဏများအား ကြိုဆိုပင့်ဆောင်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္ဇနိကာယမဟာသီဝံ ကျောင်းတိုက်တွင် (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်အတွင်းမှ ရဟန်းတော်များ၊ ရှင်သာမဏေများအား ယမန်နေ့ ညနေ (၄)နာရီအချိန်၌ ဘိုကလေး-စက်ဆန်းလမ်းဆုံ၊ အမှတ်(၁၈)လမ်း၌ စုရပ်ထား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များ ကြိုဆိုပင့်ဆောင်၍ မြို့နယ်တွင်း လှည့်လည်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ညောင်တုန်းမြို့နယ်ရှိ မဲရုံးများအားကြည့်ရှူစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များလိုက်ပါလျက် ညောင်တုန်းမြို့တွင်းရှိ မဲရုံများသို့ရောက်ရှိပြီး မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ မဲရုံတာဝန်ထမ်းဆောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဟင်္သာတမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူး၍ မြေလွှာခွဲကရိယာ (Subsoiler) ဖြင့် မြေလွှာပြုပြင်ခြင်း လက်တွေ့သရုပ်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူး၍ မြေလွှာခွဲကရိယာ (Subsoiler) ဖြင့် မြေလွှာပြုပြင်ခြင်း လက်တွေ့သရုပ်ပြပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ ရွာသာကုန်းအုပ်စု၊ ညောင်ပင်ဈေးရပ်ရှိ ကွင်းအမှတ် ၁၄၃၂ ၊ ဦးပိုင်အမှတ် ၄၂ ၊ တောင်သူ ဒေါ်ခင်ခင်ဆွေပိုင်ဆိုင်သော လယ်မြေ ၂ ဧက တွင်ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ဓနုဖြူမြို့နယ်အတွင်းရှိ မဲရုံများအားလိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် ယနေ့ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက ဓနုဖြူမြို့နယ်အတွင်းရှိ မဲရုံများအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ဓနုဖြူမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ဇန်နဝါရီလ ၂၂ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဓနုဖြူမြို့နယ် အမှတ် (၁၇) ရပ်ကွက်ရှိ မဲပေးစက်များထားရှိရာ ရွှေဟင်္သာကျောင်းနှင့် ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးအတွင်းဗိမာန်၌ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ ၊ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့သည်။

ဓနုဖြူမြို့နယ်တွင် မဲရုံများအတွက် မဲပေးစက်များ စနစ်တကျဆက်လက်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့် မဲရုံများအတွက် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ဇန်နဝါရီလ ၂၂ ရက်နေ့နံနက်ပိုင်းက မဲရုံတာဝန်ရှိသူများကို အမှတ် (၁၇) ရပ်ကွက်၊ ရွှေဟင်္သာ ကျောင်းဝန်းအတွင်း၌ စနစ်တကျ ထုတ်‌ပေးလျက်ရှိသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး