ကန်ကြီးထောင့်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကန်ကြီးထောင့် ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ သာယာကုန်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန (တာဝန်ခံ) တောအုပ် ဦးလှမင်း၊ တောခေါင်း ဦးဇင်ဘိုဌေးနှင့် ရာအိမ်မှူး ဦးထွေးလှိုင်တို့က သစ်တောကာကွယ်ခြင်းသည် မိမိတို့၏ကျေးရွာအား ကာကွယ်ခြင်းဖြစ်သည့်အတွက် တောမီးမဖြစ်ပွားစေရေးနှင့်ပတ်သက်၍ တောထဲမှာ မီးမရှို့ရန်၊ မီးရှို့ပြီးလျှင် သေချာစွာမီးငြှိမ်းသတ်ပြီးမှထားခဲ့ရန်၊ ခြံရှင်းမီးရှို့ရာတွင် သတိထားရန်၊ သစ်တောထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ မတရားသစ်ခုတ်ခြင်းများ မပြုလုပ်ကြရန်၊ သစ်ပင်အသစ်များစိုက်ပျိုးကြရန်၊ ကိုယ်ပိုင်မြေထဲက သစ်တောများအား တန်ဖိုးထားထိန်းသိမ်းထားကြရန်၊ မြူခိုးလျှော့ချခြင်းနှင့်ပတ်သက်၍ အမှိုက်များအား မီးမရှို့ဘဲ စနစ်တကျစွန့်ပစ်ကြရန်၊ လယ်ယာမြေမီးရှို့ခြင်းများအား လျှော့ချရန် စသည့်အကြောင်းအရာများကို ဒေသခံပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)