ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအပါအဝင် ကဏ္ဍစုံအသိပညာပေးဟောပြောပွဲ၊ ပြပွဲများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ မဲဇလီမူလွန်ကျောင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁) နာရီ အချိန်၌ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အားကစားစိတ်ဓာတ်မြင့်မားရေးနှင့် စားသုံးရေးရာ ကာကွယ်ရေး ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။