ညောင်တုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနား ကျင်းပ
ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဥပဒေရုံးမှ ဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် "ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)" ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။