ဟင်္သာတ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ၂၀၂၅-၂၀၂၆/၂၀၂၆-၂၀၂၇ ပညာသင်နှစ်လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးမင်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းက တက္ကသိုလ်များနှင့်ပူးပေါင်း၍ မိုးလေဝသဆိုင်ရာလေ့လာမှုများ၊ ထုတ်ပြန်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအဓိက အားထားနေရသည့်အတွက် စိုက်ပျိုးရေးဖြစ်ထွန်းရန် မိုးလေဝသကောင်းမွန်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် မိုးလေဝသသတင်းများကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ မိုးလေဝသ ဌာနမှလည်း ရာသီဥတု အခြေအနေအား စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ၍ မိဘပြည်သူများထံ ထုတ်ပြန်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာ မိုးမင်းစိုးနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ဟင်္သာတခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းနှင့်အဖွဲ့ဝင်များ တက်ရာက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)