ညောင်တုန်းမြို့နယ်တွင် Rice Export Zone ဆောင်ရွက်မည့်တောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း ဇူလိုင်  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အောင်ကမ္ဘာဆုထရေးဒင်း ကုမ္ပဏီလီမိတက်မှ Rice Export Zone ဆောင်ရွက်မည့်တောင်သူများထံစိုက်ပျိုးစရိတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟကအဖွင့်အမှာစကားပြောကြား၍  Rice Export Zone ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က မြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် နိုင်ငံတော်မှ‌ ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ Rice Export Zone စီမံကိန်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု များအောင်မြင်စွာဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားပြီး Rice Export Zone ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်သော်မြင့်က စိုက်ပျိုးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး အသိပညာပေး အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟ၊ Rice Export Zone ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်ကော်မတီဝင်များ၊ အောင်ကမ္ဘာဆုထရေးဒင်း ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ကညင်ကောက်ကြီး ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများထံ Rice Export Zone စီမံကိန်းအတွက် စိုက်ပျိုးစရိတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)