သာပေါင်း ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူ ကျေးရွာအုပ်စု၊ စာဖြူကုန်းကျေးရွာ၌ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်း လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးကာ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာ၌ ညနေ ၃ နာရီအချိန်က မိုးသည်း ထန်စွာရွာသွန်း လေပြင်းတိုက်ခတ်မှု့ကြောင့် သစ်ပင်လဲပြိုပိ၍ နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရသည်။
သဲဖြူ ကျေးရွာအုပ်စု၊ စာဖြူကုန်း ကျေးရွာနေ ဦးစိုးထက်အောင်နှင့် အတူနေ အသက်(၁၈) အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈) အောက် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂)ဦး ပေါင်း(၅)ဦးတို့ နေထိုင်ရာ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း (၁၅'×၁၅'×၁၅') နေအိမ်ပြိုကျ ပျက်စီးခဲ့ရပြီး အလားတူ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ နှောကုန်း ကျေးရွာနေ ဦးမြင့်အောင်နှင့်အတူနေ အသက်(၁၈)အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈) အောက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(-)ဦး ပေါင်း(၃)ဦးတို့ နေထိုင်ရာ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း (၁၀'×၁၀'×၁၀') နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု၊အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းနေအိမ်တို့တွင် နေထိုင်သူများအား နီးစပ်ရာဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်နိုင်ရေး သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များမှပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
သိန်းမြင့်မျိုးဦး