မန္တလေးတိုင်းဒေသကြီး

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဘုရားပုထိုးစေတီများနှင့် ဗောဓိညောင်ပင်များတွင် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သည့်၊ မေလ (၁၁) ရက်နေ့တွင် ဘုရားပုထိုးစေတီများနှင့် ဗောဓိညောင်ပင်များတွင် ‌ညောင်ရေ သွန်းလောင်းသူများ၊ ကုသိုလ်ပြုသူများဖြင့် နံနက်(၆)နာရီမှ စတင်၍ စည်ကားလျက်ရှိကြောင်း သိရသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် မန္တလေးမြို့အနှံ့ ဗောဒိညောင်ပင်အား ညောင်ရေသွန်းလောင်းသူများ၊ စတုဒိသာကုသိုလ်ပြုသူများဖြင့် စည်ကားများပြား

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား စေတီ၊ ပုထိုးများတွင် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများ ကျင်းပခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်း၊ ဓမ္မစကြာဝတ်အသင်းများမှ ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာများဖြင့် ဧည့်ခံကုသိုလ်ပြုခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကဆုန်လပြည့်နေ့တွင် ကျောက်ပန်းတောင်းမြို့ မြို့ဦးအောင်စေတီ၌ ပင့်သံဃာ (၁၀၈)ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ပင့်သံဃာ (၁၀၈)ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့ဦးအောင်စေတီရင်ပြင်တွင် ပြုလုပ်ခဲ့သည်။

ကဆုန်လပြည့်နေ ရွှေစည်းခုံစေတီတော်ကြီး ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့်သံဃာတော် (၁၀၈) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီတော်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်းနှင့်သံဃာတော်(၁၀၈) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်က ရွှေစည်းခုံစေတီတော်ကြီး ရင်ပြင်တော်ပေါ်တွင်လောင်းလှူပူဇော်ခဲ့ကြောင်းသိရသည်။

သမိုင်းဝင်ရွှေကြက်ယက်ဆုတောင်းပြည့်မြတ်စွာဘုရား၌ ကဆုန်ညောင်ရေသွန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ သမိုင်းရွှေကြက်ယက်ဆုတောင်းပြည့်မြတ်စွာဘုရားတွင်ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်၊ တမာကုန်းကျေးရွာအုပ်စုရှိ ဆံပင်ရုံတွင် အလုပ်သမားများနေထိုင်သည့်နေအိမ်တန်းလျားများ မီးကြွင်းမီးကျန်မှတဆင့်မီလောင်မှုဖြစ်ပွား

ပျော်ဘွယ်မြို့နယ်၊ တမာကုန်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိဆံပင်ရုံတွင် မေလ(၁၀)ရက်၊ မွန်းလွဲ(၃)နာရီခန့်က အလုပ်သမားများနေထိုင်သည့် နေအိမ်တန်းလျားများ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွဲခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့်နေရာများတွင် ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်‌ရေး လုပ်ငန်းများအတွက်လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အောင်မြေသာစံမြို့နယ်တွင် ယာယီအဆောက်အဦများ ဆောက်လုပ်နေမှုတို့အား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မေလ(၁၀)ရက်နေ့နံနက်ပိုင်းက  မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး အတွင်း၊ အပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား   ဆွမ်းဆန် စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်ပွဲကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် ကဆုန်လပြည့်တွင် မိတ္ထီလာခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်ပွဲကို ယနေ့နံနက်  ၆ နာရီအချိန်က မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော်ရင်ပြင်ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် Day Camp စခန်းသွင်း ဆက်လက်လေ့ကျင့်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည်ဖြစ်ရာ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုင်ပိုင်ကျောင်းများတွင် ပြန်လည်ဖြေဆိုကြမည့် Day Camp စခန်းသွင်း ကျောင်းသား/ကျောင်းသူများကို ယနေ့နံနက်ပိုင်းအချိန်က သင်ကြားပို့‌ ပေးချခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး