ပြင်ဦးလွင်မြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့နံနက် (၉:၃၀) နာရီက အဆိုပါဘုရားကြီး၌ ကျင်းပပြုလုပ်သည်။