မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့တွင်  ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများအား ချပြရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများအား ချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ဆေးတက္ကသိုလ်-မန္တလေးတွင် ကျင်းပသည့် ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်

ဆေးပညာသင်ကြားရာတွင် ခန္ဓာဗေဒပညာရပ်ကို လက်တွေ့ကျကျ လေ့လာသင်ယူခွင့် ရရှိစေရန်အတွက် ခန္ဓာကိုယ်လှူဒါန်းပေးခဲ့ကြသော ဝိဉာဉ်မဲ့မြတ်ဆရာများ၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်စေရန်၊ သက်ရှိလူနာများကို မိမိကိုယ်တိုင် ခွဲစိတ်ကုသမှုမပြုလုပ်ခင်တွင် ခွဲစိတ်ပညာရပ်နှင့် ပတ်သက်သော အတွေ့အကြုံများရရှိစေရန်အတွက် ဝိဉာဉ်မဲ့မြတ်ဆရာများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်းကို သိရှိနားလည်စေရန်၊ အသက်ရှင်ကျန်းမာနေစဉ်အတွင်း အများကောင်းကျိုး ဆောင်ရွက်နိုင်သလို သေဆုံးသွားပြီးချိန်တွင်လည်း ဆေးပညာလောကအတွက် မိမိတို့ခန္ဓာကိုယ်ကို လှူဒါန်းခြင်းဖြင့် ကောင်းကျိုးဆက်လက် သယ်ပိုးနိုင်ကြောင်း သိရှိနားလည်စေရန် ရည်ရွယ်၍ ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဆေးတက္ကသိုလ်-မန္တလေး၊ ဇီဝခန်းမတွင် ဇန်နဝါရီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ကျင်းပခြင်းဖြစ်ပါသည်။

ပြင်ဦးလွင်မြို့နယ် ရွှေသင်းအခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စာဖတ်ရှိန်မြှင့်တင်‌ရေး စာပေဟောပြော‌ပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာ‌ပေဟော‌ပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ရွှေသင်းအ‌ခြေခံပညာအထက်တန်းကျောင်းမှ တာ၀န်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

မြစ်သားမြို့နယ် (အဋ္ဌမအကြိမ်) မြို့နယ်သံဃနာယကအဖွဲ့ (၂၅) ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် (အဋ္ဌမအကြိမ်) မြို့နယ်သံဃနာယကအဖွဲ့ (၂၅) ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ နန်းအိမ်သူဓမ္မာရုံ၌ ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ မြို့နယ်ဝန်ဆောင်သံဃာတော် (၁၁၁) ပါး ကြွရောက်၍ မဲပေးရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများအား (၁)ပိဿာ ငွေ(၈၃၇၅)ကျပ်ဖြင့် စားအုန်းဆီ (၁၄၂၅၈) ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း ပြည်သူများ စားသုံးဆီ အခက်အခဲမရှိစေရေး  ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများအား (၁) ပိဿာငွေ (၈၃၇၅) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁၄၂၅၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် (၂၈) ကြိမ်မြောက် နေ့ညအသံမစဲ မဟာဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်ငယ်တော်ကျေးရွာတွင် (၂၈) ကြိမ်မြောက် နေ့ညအသံမစဲမဟာဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါကျေးရွာ ရွာလည်မြတစ်သိန်း ကိုးထောင်ပြည့် ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည် ။

ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း (၆၃) သင်းမှ အသင်းသားတောင်သူ (၂၃၃၉) ဦးမှ ဆောင်းနေကြာ (၈၇၈၄) ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေး ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း သီးနှံများ စိုက်ပျိုးကြကြောင်းနှင့် အခြေခံသမဝါယမအသင်း (၆၃) သင်းမှ အသင်းသားတောင်သူ (၂၃၃၉) ဦးက ဆောင်းနေကြာ (၈၇၈၄) ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင် (ဆဋ္ဌမ) အစည်းအဝေးအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင် (ဆဋ္ဌမ) အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရန်မျိုးအောင်ရပ်ကွက် သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ်ကျောင်းတိုက် မဟာဝိဇယဓမ္မဗိမာန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် ပဉ္စမအကြိမ်မူကြမ်းတို့၌ ပါဝင်သော ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများ မြေပြင်တွင် အမှန်ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်နှင့် ရွှေစာရံဘုရားအနီး တောတွင် ကျေးရွာရယကရုံးတို့၌ အထွေထွေ ရွေးကောက်ပွဲမဲစာရင်း၌ e-ID အိမ်ထောင်စုစာရင်းနှင့် ပဥ္စမအကြိမ်မူကြမ်းတို့၌ ပါဝင်သော အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများအား စာရင်းအရ အမည်ရှိသော်လည်း မြေပြင်တွင် အကြောင်းအမျိုးမျိုးကြောင့် အမှန်တစ်ကယ် မရှိသည့် စာရင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက် ဓမ္မာရုံဝန်းအတွင်း၌ အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်း၏ ကြီးကြပ်မှုဖြင့် ဒုလဝကမှူး ဒေါ်ချိုသန္တာလွင် ဦးဆောင်သောအဖွဲ့မှ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်း တောင်ကြီးရပ်ကွက်မှ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး