ကျောက်ဆည် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆညခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကျောက်ဆည်ခရိုင်အတွင်းရှိ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က နွေသီးနှံစိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုထောက်ပံ့ပေးရ ခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ တောင်သူကိုယ်စားလှယ်များအား စပါးမျိုးစေ့၊ နှမ်းမျိုးစေ့၊ နေကြာမျိုးစေ့၊ ပဲတီစိမ်းမျိုးစေ့နှင့် သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့် တောင်သူများကိုယ်စား ကျောက်ဆည်မြို့နယ်၊ ပန်းခွာကျေးရွာအုပ်စု၊ မကျည်တောကျေးရွာမှ တောင်သူဦးဝင်းထိန်က ကျေးဇူးတင်စကား ပြည်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထိန်၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် အဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ /မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပြီး အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ စိုက်ပျိုးရေးသုတေသနခြံတွင် စိုက်ပျိုးထားသော ဂျုံမျိုးစမ်းသပ်ကွက်၊ ကုလားပဲမျိုးယှဉ်ပြိုင် စမ်းသပ် ကွက်၊ ဆင်းရွှေကြာ-၂ နေကြာမျိုးပွားစိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်