ရမည်းသင်း ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့သည် ယနေ့ နံနက် (၈)နာရီက အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ် ပြည်သူ့စစ်မှုထမ်းအမှတ် (၁) သင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်သည်။
ထို့နောက် အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိ အောင်ချမ်းသာခန်းမတွင် နေရာယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါခန်းမ၌ သင်တန်းသားများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားကာ သင်တန်းသားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းသားများအတွက် စားစရိတ်ချီးမြှင့်ငွေ ၂၅ သိန်းကျပ်ပေးအပ်ပြီး သင်တန်းသား(၂၄၄)ဦးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ ရမည်းသင်းမြို့ ဝါတိုးအရှေ့ရပ်ရှိ သီလဝခန်းမတွင် ကျင်းပပြုလုပ်သည့် ဒေသအသီးသီးမှ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့်ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ယာယီနေရပ်စွန့်ခွာ၍ ရမည်းသင်းမြို့နယ်တွင်နေထိုင်သည့် ပြည်သူ ၃၇၀ ဦးအား တစ်ဦးလျှင် ၂၀,၀၀၀ ကျပ်နှုန်းဖြင့် (၇,၄၀၀,၀၀၀)ကျပ်နှင့် ပျော်ဘွယ်မြို့နယ်တွင် နေထိုင်သည့် ပြည်သူ(၁၀၁၉)ဦးအား တစ်ဦးလျှင် ၂၀,၀၀၀ က ကျပ်နှုန်းဖြင့် (၂၀,၃၈၀,၀၀၀)ကျပ် စုစုပေါင်း ချီးမြှင့်ငွေ (၂၇,၇၈၀,၀၀၀)ကျပ်ထောက်ပံ့ပေးအပ်ခဲ့ရာ ရမည်းသင်း/ ပျော်ဘွယ်မြို့နယ်တို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ယာယီနေရပ်စွန့်ခွာသူတစ်ဦးက လက်ခံရယူခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှ စွန့်ခွာလာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာရှိ တောင်သူ ဦးဇော်ဇော်၏ ကွင်းအမှတ်၊ ၁၁၁၂၊ ရွာတော်ကွင်းတွင်၂၀၂၄-၂၀၂၅ နွေစပါးစိုက်ပျိုးမည့်တောင်သူ (၃၅)ဦးနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးမှ ၂၀၂၄-၂၀၂၅ နွေစပါးအတန်းလိုက် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးမှုနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြကာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ ရမည်းသင်းမြို့နယ်တွင် နွေစပါးစိုက်ပျိုးမှုကို ဧက (၃၀၀) လျာထားပါကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင်လည်း အောင်နိုင်တိုးမျိုးစပါးကို အသုံးပြုမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ကွင်းအမှတ်-၁၁၁၂၊ ရွာတော်ကွင်းအတွင်း အောင်နိုင်တိုးမျိုးစပါးကို တိုက်ရိုက်မျိုးစေ့ချနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)