ဝမ်းတွင်း ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါကာ ဖေဖော်ဝါရီ(၁၆)ရက်နေ့က သခွတ်မြင့်ကျေးရွာနှင့် ရာသင်္ချာကျေးရွာရှိ နွေသီးနှံစိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင် ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်က နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ၍ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်ဆွေးနွေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာများနှင့် မိတ္ထီလာခရိုင်စိုက်ပျိုးညှိနှိုင်းမှု့အဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့မှ စိုက်ပျိုးမည့်နှမ်း၊ ဝါ၊ နွေစပါး သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သခွတ်မြင့်ကျေးရွာ တွင် နွေနှမ်း(၁၀၇၉)ဧက၊ နွေဝါ(၁၇၀)ဧက၊ နွေစပါး(၁၅၅၀)ဧက၊ စုစုပေါင်း(၂၇၉၉)ဧကနှင့် ကျားသေကန်ကျေးရွာတွင် နွေနှမ်း(၅၂၅)ဧက၊ နွေစပါး(၁၇၈၉)ဧက၊ စုစုပေါင်း (၂၃၁၄) ဧကကို ဒေသခံတောင်သူ(၂၇၀)ဦးက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်