မန္တလေးတိုင်းဒေသကြီး

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်တွင် ချမ်းအေးသာစံ၌ ကျောင်းသား၊ ကျောင်းသူ (၁၅၄၀) ဦး ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၇) ရက်နေ့က စတင်ဖြေဆိုရာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ မြန်မာစာဘာသာရပ်တွင် (၁၅၄၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် အခြေခံအင်္ဂလိပ်စာနှင့်ပန်းချီရေးဆွဲနည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး အင်္ဂလိပ်စာနှင့်ပန်းချီရေးဆွဲနည်းသင်တန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးမှုကို တောင်သူများအား ဝန်ဆောင်မှုပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ခန္တောကျေးရွာကွင်းအမှတ် (၅၃၁/ခ) ဦးပိုင်အမှတ် (၁၇/၂) တောင်သူဦးဌေးကြိုင်၏ လယ်မြေ (၄) ဧကတွင် နွေစပါး (GW11နှင့်အောင်နိုင်တိုးမျိုး) ကို စက်မှုလယ်ယာဦးစီးဌာန အမှတ် (၆၄) စက်မှုလယ်ယာစခန်း မြစ်သားမြို့ ဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်​​မြေမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ  စာစစ်ဌာန(၂) ခုဖြင့် ဖြေဆိုသွားမည်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်​​မြေမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်  စာစစ်ဌာန( ၂) ခုတွင် ဖြေဆိုမည့် အမှတ်( ၁၃) အ.ထ.က ကျောင်းသား၊ သူ( ၇၀၉) ဦးနှင့်  အမှတ်( ၂) အ.ထ.ကခွဲ ကျောင်းသား၊ သူ (၃၉၄)ဦး စုစုပေါင်း(၁၁၀၃)ဦးအား မတ်လ (၁၇)ရက်နေ့တွင် ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ငါန်းဇွန်စာစစ်ဌာနတွင် ပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းသည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိခဲ့သော ဆရာတော် (၃) ပါးအား ဂုဏဝိသိဌပူဇာမင်္ဂလာဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းခဲ့သည့် ဗုဒ္ဓသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိခဲ့သော ဆရာတော် (၃) ပါးအား ဂုဏဝိသိဌပူဇာမင်္ဂလာဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်ရာပြည့်သာသနာဗိမာန်တော်ကြီးတွင် ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှု မဖြစ်ပွားစေရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က(၂၇) စာဖြေဌာန ပတ်ဝန်းကျင်ရှိ အိမ်ခြေ(၂၀၀)၊ အိမ်ထောင်စု (၂၃၀)ခန့်တို့အား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က (၂၇)စာဖြေဌာန၊ ပတ်ဝန်းကျင်ရှိ အိမ်ခြေ(၂၀၀)၊ အိမ်ထောင်စု(၂၃၀)ခန့်တို့အား ယမန်နေ့ နံနက် (၈း၃၀) အချိန်က တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် (Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် ပန်းချီရေးဆွဲရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို Community Centre ခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတောင်တော် ဆုတောင်းပြည့်မြတ်စွာဘုရား ဒသမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မန္တလေးတောင်တော်ဆုတောင်းပြည့်မြတ်စွာဘုရား ဒသမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့(တပေါင်းလပြည့်)နေ့ နံနက် ၆နာရီက မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ သမိုင်းဝင် မန္တလေးတောင် ဆုတောင်းပြည့် မြတ်စွာဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ တောင်တော်သြဝါဒါစရိယ ဆရာတော် မိုးကောင်းတိုက်၊ ဒိုက်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ၊ (အဂ္ဂမဟာပဏ္ဍိတ)၊ ခင်မကန်တိုက်၊ ကထိန်တော်ကျောင်း၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ ဆရာ တော် ဘဒ္ဒန္တပညာသိရီဘိဝံသ၊ (သာသနာဝရိယ၊ပရိယတ္တိသာသနဟိတဓမ္မာစရိယ) အမှူးပြုသော ပင့်သံဃာဆရာတော်ကြီး(၅၄)ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တ ရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတ ရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတောင်တော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဂေါပက အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး