ပြည်ကြီးတံခွန် မတ်လ ၁၅
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က (၂၇)စာဖြေဌာန၊ ပတ်ဝန်းကျင်ရှိ အိမ်ခြေ(၂၀၀)၊ အိမ်ထောင်စု(၂၃၀)ခန့်တို့အား ယမန်နေ့ နံနက် (၈း၃၀) အချိန်က တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်ကျော်ဦး ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၄၀)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် ပူးပေါင်းကာ မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲနှင့် မီးသတ်ဆေးဘူးများ ပြည်စုံစွာ ထားရှိစေရေး မှာကြားစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့သည်။ ယင်းနောက် မီးသတိပေးလက်ကမ်းစာစောင်များကိုလည်း ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)