ပျော်ဘွယ် မတ် ၂၃
ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှဦးဆောင်၍ ပြည်သူများအနေဖြင့် ခရမ်းလွန်ရောင်ခြည်နှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မတ်လ (၂၂) ရက် နံနက် (၁၀) နာရီက ခင်ကြီးယကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်က အပူချိန်မြင့်မားလာသော နွေရာသီကာလတွင် အဖြစ်များသောရောဂါများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားပါက ရှေးဦးပြုစုနည်းစနစ်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေး ဟောပြောသည်။
ခရမ်းလွန်ရောင်ခြည်နှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာန သို့ ဆက်သွယ်မေးမြန်နိုင်သလို ပြည်သူများအနေဖြင့် နိုင်ငံတော်မှထုတ်ပြန်နေသည့် မိုးလေဝသသတင်းများကိုလည်း အမြဲမပြတ်ကြည့်ရှုရန် လိုအပ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ တိုက်တွန်းထားကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)