မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ညနေပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ အမှတ်(၂) မူလတန်းကြိုကျောင်း "ပဒေသာကပွဲ" အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးမြို့ အမှတ်(၂) မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်းပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့မှ နွေရာသီအားကစားသင်တန်း တက်ရောက်နေသော လူငယ်မောင်မယ်များအား အချိုရည်ဘူးများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ နွေရာသီ အားလပ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ စာရိတ္တနှင့် စိတ်ဓာတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ အားကစားနည်းအလိုက် နည်းစနစ်များနှင့် ဥပဒေများ ကျွမ်းကျင်လိုက်နာမှုရှိစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ညနေပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က စာအုပ်စာစောင်များ လာရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယနေ့ နံနက် (၁၀) နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များက စာအုပ်စာစောင်များကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်  ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက် တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိပြီး မတ်လ(၂၁)ရက်နေ့တွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်ကို ဖြေဆိုကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်းတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်တောကျောင်းသင်တန်းဆရာများနှင့် သင်တန်းသားများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ၊ သမိုင်းဘာသာရပ် ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူများ ရူပဗေဒ၊ သမိုင်းဘာသာရပ် ဖြေဆိုမှုကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၂၀)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ပဲတီစိမ်းသီးနှံ (၉၉၈၆) ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆) ခုရှိပြီး နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ မိုးကြိုဝါသီးနှံများကို စီမံကိန်းသီနှံအဖြစ်သတ်မှတ်ကာ တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများကို ရေမြောင်းများဖြင့် အလှည်ကျပေးဝေလျက်ရှိကြောင်းနှင့် (၂၀၂၄-၂၀၂၅) ခုနှစ်တွင် တစ်မုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းခစန်းတွင် ပဲတီစိမ်းသီးနှံ (၉၉၈၆) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး