ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇွန် ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်မှစတင်၍ မြန်မာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်းထံက သိရသည်။