မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာဖြေဌာနများ‌ ကျောင်းဘေးရှိ နေအိမ်များအား မီးလောင်မီးလန့်မှု မရှိစေရေး မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာဖြေဌာနများ‌ ကျောင်းဘေးရှိ နေအိမ်များအား မီးလောင်မီးလန့်မှုမရှိစေရေး မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုလျက်ရှိသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပရာ ဝင်ရောက်ဖြေဆိုသူ ၃၆၉၄ ဦးဖြေဆို

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၉နာရီအချိန်က စတင်ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၃၆၉၄ ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိ

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ စာစစ်ဌာန (၄)ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ  မြန်မာစာဘာသာရပ် ပြန်လည်စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 မြန်မာစာ ဘာသာရပ် စတင်ဖြေဆိုခြင်းကို ဇွန်လ ၁၆ရက် နံနက် ၉နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၂ခု ၌ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုလျက်ရှိသည်။

မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုလျက်ရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1ကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့်ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1 ကာ ကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်မိခင်နှင့်က‌လေး ကျန်းမာရေးဌာနရုံးခန်းတွင် ယ‌မန်နေ့နံနက်ပိုင်းအချိန်က စတင်ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာ‌သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(စဉ့်ကိုင်)စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အထက(ဘယ်လင်း) စာစစ်ဌာနတို့၌  ဇွန်လ ၁၆ ရက်နေ့ ယနေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်ဖြေဆို စာစစ်ဌာန (၄) ခုတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၀) ဦး ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ဇွန်လ (၁၆) ရက်နေ့၊ နံနက် (၉) နာရီမှ စတင်၍ ပြန်လည်ဖြေဆိုလျက်ရှိရာ မြန်မာဘာသာကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၀) ဦး အေးချမ်းစွာ ပြန်လည် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမှုကို ဇွန်လ (၁၆) ရက်နေ့ နံနက် (၉) နာရီမှ စတင်ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်း သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။ 
Subscribe to မန္တလေးတိုင်းဒေသကြီး