ပျော်ဘွယ် ဇွန် ၁၅
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ကျေးလက်နေပြည်သူများ မြန်မာ့တိုင်းရင်းဆေးကို နည်းစနစ်မှန်ကန်စွာအသုံးပြုတတ်စေရန်နှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းကို ယနေ့နံနက် (၉)နာရီက တွင်းရွာကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
အခမဲ့ကွင်းဆင်းဆေးကုသရာ၌ မိတ္ထီလာခရိုင် တိုင်းရင်းဆေးကုဌာနမှူး ဒေါ်အေးအေးကြူက ရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများ၊ ကျန်းမာရေးအတွက် အသက်အရွယ်အလိုက် ပြုလုပ်သင့်သည့် လေ့ကျင့်ခန်းများ၊ ဆောင်ရန်ရှောင်ရန်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မိတ္ထီလာခရိုင်ဦးစီးမှူးနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနဝန်ထမ်းများက ကျေးရွာအတွင်းရှိ ခါးနာ၊ ဒူးနာ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဇက်ကျီးပေါင်းရောဂါဝေဒနာရှင် လူနာများအား စစ်ဆေးကုသခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါဝေဒနာရှင်များအား တိုင်းရင်းဆေးနည်းပညာဖြင့် ကုသပေးခြင်းနှင့် အကြံဉာဏ်များပေးခြင်း စသည့်လူနာများအား ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)