မန္တလေးတိုင်းဒေသကြီး

သာစည်မြို့တွင် အသက် ၁၂ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အသက် ၁၂ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ဇွန်လ ၁၆ ရက်နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်ဘာသာရပ် စာစစ်ဌာနများတွင် ဆက်လက်ပြန်လည်‌ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများတွင်  ယနေ့နံနက် (၉) နာရီ အချိန်က အင်္ဂလိပ်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ပျော်ဘွယ်မြို့၊ အ.လ.က(မိုးနံကုန်း)တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း (မိုးနံကုန်း)တွင် ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်‌ဖြေဆိုသည့် စာစစ်ဌာနများတွင် စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင် တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများတွင်  ယနေ့နံနက် (၉) နာရီအချိန်က အင်္ဂလိပ်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၌ ပြန်လည်ကျင်းပ‌စစ်‌ဆေးသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၄-၂၀၂၅ပညာသင်နှစ်  (Grade-12) တက္ကသိုလ်ဝင်စာ‌မေးပွဲ ပြန်လည်ကျင်းပစစ်‌ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပ‌ဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အ-ထ-က(စဉ့်ကိုင်)စာစစ်ဌာန၊ အ-ထ-က(ပလိပ်) စာစစ်ဌာနနှင့် အ-ထ-က(ဘယ်လင်း) စာစစ်ဌာနတို့၌  ဇွန်လ ၁၇ ရက်နေ့ ယနေ့နံနက်ပိုင်းက ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက် ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့်၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို

ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ  ၁၆ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အစိုးရနည်းပညာကောလိပ်ဝင်းအတွင်း၌ ယနေ့နံနက် ၇ နာရီခွဲက ၂၀၂၅ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရနည်းပညာကောလိပ် (မန္တလေး)  ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်နှင့် ဌာနမှူးများ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့် စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

မိတ္ထီလာ၌ ဘေးအန္တရာယ် ၉ မျိုးအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေသခံပြည်သူများထံသို့ ဘေးအန္တရာယ် ၉ မျိုးအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်သာယာရေးအဖွဲ့၏ ဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်

ပြည်ကြီးတံခွန်မြို့နယ် တက္ကသိုလ်ဝင်စာဖြေဌာနကျောင်းများတွင်  Grade -12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၈.၃.၂၀၂၅ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော မန္တလေးငလျင်ကြီးကြောင့်တက္ကသိုလ်ဝင် Grade-12အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ကာ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင် စာဖြေဌာန ကျောင်းများတွင် Grade-12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ‌အင်္ဂလိပ်စာဘာသာရပ်အား ဒုတိယနေ့အဖြစ် ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး