ငါန်းဇွန် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်
ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုကြရာ အ.ထ.က(ငါန်းဇွန်)စာစစ်ဌာန၌ ကျောင်းသား/သူ စာရင်းရှိ ၂၈၅ ဦး၊ ဖြေဆိုသူ ၂၇၇ ဦး၊ ပျက်ကွက် ၈ ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၇.၁၉%)ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)