ပြည်ကြီးတံခွန် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၈.၃.၂၀၂၅ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော မန္တလေးငလျင်ကြီးကြောင့်တက္ကသိုလ်ဝင် Grade-12အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ကာ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင် စာဖြေဌာန ကျောင်းများတွင် Grade-12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ဒုတိယနေ့အဖြစ် ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဖြေဆိုရာတွင် စာမေးပွဲကာလ ဇွန်လ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့အထိဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာဖြေဌာနကျောင်းများဖြစ်သည့် အထက(၂၇) ကျောင်းတွင် စာရင်းရှိ(၄၉၉)ဦးရှိရာ ဖြေဆိုသူ ကျောင်းသား(၁၉၉)ဦး ကျောင်းသူ (၂၉၆)ဦး၊ ပျက်ကွက် ကျောင်းသား (၁)ဦး ကျောင်းသူ(၃)ဦး စုစုပေါင်း ပျက်ကွက်သူ(၄)ဦးနှင့် အ-လ-က(၁၁) ကျောင်းတွင် စာရင်းရှိ (၃၁၇)ဦးရှိရာ ဖြေဆိုသူ ကျောင်းသား (၁၅၀)ဦး ကျောင်းသူ(၁၅၄)ဦး၊ ပျက်ကွက် ကျောင်းသား(၇)ဦး ကျောင်းသူ(၆)ဦး စုစုပေါင်း ပျက်ကွက်ကျောင်းသား/ သူ(၁၃)ဦး စုစုပေါင်းဖြေဆိုသည့် ရာခိုင်နှုန်း (၉၇.၉၂)ရှိကြောင်းနှင့် စုစုပေါင်းဖြေဆိုသူ ကျောင်းသား/သူ (၇၉၉)ဦးနှင့် ပျက်ကွက်သူ(၁၇)ဦး ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/သူများမှ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်အား အေးချမ်းစွာ ပြန်လည်ဖြေဆိုလျက်ရှိပြီး မြို့နယ်ကျောင်းဆရာ/မများ၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများက လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ရဲတပ်ဖွဲ့ဝင်များနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ထံမှ သိရသည်။
ဇင်မင်းမောင်