ပြင်ဦးလွင် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာ ဦးဆောင်၍ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့သည် ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီက ရပ်ကွက်ကြီး (၉)ရှိ အေးမြချမ်းသာ သီလရှင်စာသင်တိုက်၌ ပစ္စည်းများထောက်ပံ့ပေးအပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များမှ အေးမြချမ်းသာ သီလရှင်စာသင်တိုက်ရှိသီလရှင် ဆရာကြီး/ဆရာလေး အပါး(၁၀၀) အတွက် သီလရှင် ဝတ်စုံ၊ ဆန်၊ ဆီ၊ သွားတိုက်တံ၊ ကာဘော်လိတ်ဆပ်ပြာတောင့်၊ ဖူဂျီဆပ်ပြာဆီတို့အားလည်းကောင်း၊ သီလရှင်ဆရာလေးများ အပါအဝင်သူငယ်တန်းမှ ပထမတန်းအထိ ကျောင်းသား၊ ကျောင်းသူများအား ကျောပိုးအိတ်များ ကိုလည်းကောင်း၊ ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း စုစုပေါင်း ( ၅၅၉) ဦးအတွက် တန်ဖိုးငွေ (၃၉) သိန်းရှိပစ္စည်းများ ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ခရိုင်(ပြန်/ဆက်)