မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတက္ကသိုလ်ပင်မဆောင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း သတ်မှတ်ကာလအတွင်း ပြီးစီးရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် သြဂုတ် ၇ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော မန္တလေးက္ကသိုလ်ပင်မဆောင် အဆောက်အအုံကို  မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းအား သတ်မှတ်ကာလအတွင်း ပြီးစီးရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမရပူရမြို့နယ်ရှိ တောင်သူများနှင့်တွေ့ဆုံ၊ လက်ဆွဲမျိုးစေ့ချကိရိယာများ ပေးအပ်ပွဲတက်ရောက်

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေ နှင့် အဓိကသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး တွေ့ဆုံပွဲ၊ လက်ဆွဲမျိုးစေ့ချ ကိရိယာများပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြသပွဲ အခမ်းအနားကို သြဂုတ် ၇ရက်နံနက်ပိုင်းက အမရပူရခရိုင် အမရပူရမြို့နယ်ရှိ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာတွင် ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center)အစည်းအဝေးခန်းမတွင်  ဝန်ထမ်းများ၏ လိုက်နာရမည့် စည်းမျဥ်းများကို သိရှိလိုက်နာစေရန်အတွက် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ​ပိုင်းက ကျင်းပသည်။

ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်း၌ ပျက်စီးသွားသည့် ၆/၈ တံတားအား ပြန်လည်ခင်းပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့် ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၇၀.၀၀၀)သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများပြီးစီးပြီဖြစ်၍ ပြည်သူများ အချိန်အခါမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဇော်ဂျီမြစ်အတွင်း ငါးမျိုးကောင်ရေ နှစ်သိန်းစိုက်ထည့်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးမျိုးပြန့်ပွားရေး၊ ငါးမျိုးထိန်းသိမ်းရေးနှင့် ငါးစားသုံးသူဖူလုံစေရန် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း  ငါးမျိုးစိုက်ထည့်သည်။

မြစ်သားမြို့နယ် အခြေခံပညာကျောင်းများတွင် ဗီတာမင်အေ တိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်နှင့် ကျန်းမာရေးဝန်ထမ်းများက  အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများကို ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းနှင့်ဆရာ/ဆရာမများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဩဂုတ် ၈ ရက်က ဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး‌တံခွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြင်းခြံဗဟိုအကျဉ်း‌ထောင် ဥယျာဉ်ခြံထွက် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင် ဥယျာဉ်ခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေးခြင်းကို ယနေ့ နံနက်  ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးသည်။

‎မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၌ မန်ကျည်းကွေးပင် လဲကျ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၌ ယမန်နေ့ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် ၉၀ လမ်း၊ ၄၀x၄၁  လမ်းကြားတွင် လုံးပတ် ၃ ပေ၊ အမြင့် ၂၀ ခန့်ရှိသော မန်ကျည်းကွေးပင်လဲကျ၍ လမ်းပေါ်တွင် ပိတ်နေကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ်၌ အသက် ၁၃ နှစ်အောက် မြို့နယ်ပညာရေးမှူး ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသား ကျောင်းသူများအနေနဲ့ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အသက် ၁၃ နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ည‌နေပိုင်းက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပပေးခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး