ချမ်းအေးသာစံ ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် သြဂုတ် ၇ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သော မန္တလေးက္ကသိုလ်ပင်မဆောင်အဆောက်အအုံကို မူလပုံစံမပျက်ပြန်လည်ပြုပြင် တည်ဆောက်ခြင်းအား သတ်မှတ်ကာလအတွင်းပြီးစီးရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား မန္တလေးတက္ကသိုလ်ပင်မဆောင် မူလပုံစံမပျက် ပြန်လည် ပြုပြင်တည်ဆောက်နိုင်ရေး ဗိသုကာဆိုင်ရာလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော် နှင့် အဖွဲ့ဝင် မန္တလေး နည်းပညာတက္ကသိုလ်ဗိသုကာဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာသက်ဦးနှင့်တာဝန်ရှိသူများက ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီပြီး ပိုမိုခိုင်ခံ့ရေးနှင့်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန်တို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ချမ်းမြေ့မောင်(ချမ်း/စံ)