မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် မြို့နယ်အဆင့် ကြက်တောင်ရိုက်အသင်းဖွဲ့စည်းနိုင်ရေး လူရွေးချယ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကိုယ်စားပြု အမျိုးသား/ အမျိုးသမီး ကြက်တောင်အသင်းဖွဲ့စည်းနိုင်ရေး လူရွေးချယ်ပွဲကို စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂ဝ၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်မီးသတ်ဦးစီးမှူးရုံးက ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ဦးစီးမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကျောင်းပေါင်းစုံ အားကစား (၆) မျိုး မြို့နယ်အဆင့် လူရွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောင်းပေါင်းစုံ အားကစား (၆) မျိုး မြို့နယ်အဆင့် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေးအတွက် အားကစားလေ့​ကျင့်ပေးခြင်းနှင့် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ပဏာမလူရွေးချယ်ပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးရုံးတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲနိုင်ရန် တောင်သူအသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးရုံးတွင် စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  ဓာတ်မြေဩဇာစနစ်တကျသုံးစွဲနိုင်ရန် တောင်သူအသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။  

မြစ်သားမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေသူဌေးအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ပေးမှုကို စက်တင်ဘာ ၃ ရက်နေ့ နံနက် (၉) နာရီက နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အောင်ချမ်းသာဆုတောင်းပြည့်မြတ်စွာဘုရား၏ အကြိမ် (၆၀) မြောက် သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို အမှတ် (၆) ရပ်ကွက်ရှိ သာယာကုန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ လမ်းမကြီးများဝဲ/ယာ၌ ရောင်းချနေသည့် အိမ်ဆိုင်နှင့်လမ်းဘေးဈေးဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချရေး စစ်ဆေးပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် လမ်းမကြီးများ ဝဲ/ယာရှိ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးပညာပေးခြင်းကို စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များက လှည့်လည်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းနှင့်စကားရည်လုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းနှင့် စကားရည်လုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး၊ လက်တွေ့စမ်းသပ်မဲပေး 

လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ပြည်သူများသိရှိနားလည်စေရန် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥ‌သျှောင်ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက်၉ နာရီခွဲက သာသနာ့ဝိပုလ္လဓမ္မာရုံ၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး