သာစည်မြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ

သာစည် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အောင်ချမ်းသာဆုတောင်းပြည့်မြတ်စွာဘုရား၏ အကြိမ် (၆၀) မြောက် သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို အမှတ် (၆) ရပ်ကွက်ရှိ သာယာကုန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျောင်းပေါင်း (၉၀) ကျော်မှ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ် (၁၅၃) ပါးတို့အား မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲဝင်များ၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ လူမူ့ရေးအသင်းအဖွဲများ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များက သံဃဒါနပဒေသာမဲများ၊ ဆွမ်းဆန်၊ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)