မန္တလေးတိုင်းဒေသကြီး

ပုသိမ်ကြီးမြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စု၊ ဘူးကုန်းကျေးရွာရှိ အားသစ်ဓမ္မာရုံ၌ ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး လက်တွေ့စမ်းသပ် မဲပေး 

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်(ဂ)ရပ်ကွက်နှင့် (ဃ)ရပ်ကွက်တို့တွင် မဲပေးစက်ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများကို ကျင်းပသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာနတွင်၊ ကျောက်ကျော်လှိုင် ရေးသားသည့် “ပျော်ရွှင်ခြင်း” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စတုတ္ထအကြိမ် စာတမ်းဖတ်ပွဲ ကျင်းပ

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လစဉ်စာတမ်းဖတ်ပွဲကို ကျင်းပလျက်ရှိရာ စတုတ္ထအကြိမ် စာတမ်းဖတ်ပွဲကို စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးလက်တွေ့စမ်းသပ်

လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက် အသုံးပြု၍ မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၁)ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက   အေးငြိမ်းပြည်ကျော် ဓမ္မာရုံ၌ ကျင်းပသည်။

အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်

‎မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးသရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် Y Mandalay Hotel ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊  တိုင်းဒေသကြီးတာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးသန်း‌အောင်ကျော်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးကို စက်တင်ဘာ ၃ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်အသိပညာပေးခြင်းနှင့်  စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို စက်တင်ဘာ၃ရက် မွန်းလွဲ၃နာရီက မြို့မရပ်ကွက်ရှိ ဓမ္မာရုံ၌ပြုလုပ်ရာ မြို့မရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့မှ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်သည်။

ပျော်ဘွယ်မြို့နယ် ညောင်ရွှေအုပ်စုသို့ကွင်းဆင်း၍ မဲပေးစက်အကြောင်းအသိပညာပေးရှင်းလင်းပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးဆောင်၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းကို ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ၃ရက် ညနေ(၃)နာရီခွဲက ညောင်ရွှေအုပ်စု ညောင်နွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

ငါန်းဇွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ စက်တင်ဘာ ၃ ရက်နံနက် ၉ နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြီး ရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ကြေးဖြန့်ခွဲရေးအဖွဲ့ဝင်များက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီ ထောက်ပံ့ငွေပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး