မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာရေးဆရာမ မစန္ဒာရေးသားသော “အရိပ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း ၇၁၂၅ ဦးအား စားအုန်းဆီ ပိဿာ ၁၄၂၅၀ ရောင်းချ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဌာနဆိုင်ရာဝန်ထမ်း(၇၁၂၅)ဦးအား စားအုန်းဆီ ပိဿာ ၁၄၂၅၀ ရောင်းချခြင်းကို ယနေ့နံနက်၉နာရီက ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရန်နှင့် ၎င်းတို့၏ ဘဝပြန်လည်ထူထောင်နိုင်အောင် ဆောင်ရွက်ရာတွင် အလွန်အရေးကြီးသည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက်နေ့နံနက် ၉ နာရီက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် အားကစားခန်းမ-၂ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အွန်လိုင်းလိမ်လည်မှုတိုက် ဖျက်ရေးဆိုင်ရာအသိပညာပေး 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက် နံနက် ၁၀ နာရီက ပညာရေးစုပေါင်းခန်းမတွင် ကျင်းပသည်။

အမရပူရမြို့နယ်၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကိုကျင်းပသည်။

မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြသခြင်း ကို စက်တင်ဘာ ၃ ရက် နံနက် ၉နာရီက  မြို့နယ်ခန်းမ၌ ပြုလုပ်သည်။

ကျောက်ပန်းတောင်းမြို့ တမ္ပဝတီရပ်ကွက်၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်ဖြင့် စမ်းသပ်မဲပေး သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ၂ရက်က တမ္ပဝတီရပ်ကွက်ရှိ ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ၌  ပြုလုပ်သည်။

ညောင်ဦးမြို့၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်ဖြင့် မဲပေးမှုအသိပညာပေး 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲက ကုန်းတန်းကြီးအုပ်စုရှိ  နယ်မြေခံခြေမြန်တပ်ရင်းခန်းမ၌ လက်တွေ့စမ်းသပ် မဲပေးခြင်းဆောင်ရွက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ၌ မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ် (၅) ဓမ္မာရုံတွင် စက်တင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီခွဲက ကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၂) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲက ကြက်တည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး