မန္တလေးတိုင်းဒေသကြီး

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-မန္တလေး နိုင်ငံ့ဝန်ထမ်းခန့်အပ်လွှာများပေးအပ်

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-မန္တလေးမှ စတုတ္ထနှစ် (၁/၂၀၂၅) သင်တန်း ဘွဲ့ရစာမေးပွဲအောင်မြင်ခဲ့ကြပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်သူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော် ( ပြင်ဦးလွင်) ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း ခရီးသွားအပန်းဖြေလည်ပတ်သူများ စည်ကားများပြား   

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး(ပြည်ချစ်ဘုရား) ၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပိတ်ချင်းမြှောင်လိုဏ်ဂူတော်၊  ပွဲကောက်ရေတံခွန် ( BE . FALLS)၊ တရုတ်ဘုံကျောင်း၊ နှီးဘုရားနှင့် ဓာတ်တော်ချိုင့်ရေတံခွန်များသို့    ခရီးသွားပြည်သူများ  နှစ်စဉ်နှစ်တိုင်းလာရောက်လည်ပတ်အပန်းဖြေလျက်ရှိကြသည်။

မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၌  ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ထမုန်ကန်ကျေးရွာအုပ်စု ဥယျာဉ်ကုန်းကျေးရွာ၌ ဥယျာဉ် ကုန်းကျောင်းတိုက်ဦးစီးပဓာနနာယဆရာတော် ဒေါက်တာကောသလ္လ ဦးစီးဆောင်ရွက်ခဲ့သော ကိုယ်ထူကိုယ်ထ ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်၌ဧကာဒသမကြိမ်မြောက် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန် ကန်ဦးကန်ထိပ်၌ တည်ထားကိုးကွယ်သော ဓမ္မသုခရွှေစည်းခုံစေတီတော်၌   ဧကာဒသမကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၇ရက်အထိ ကျင်းပလျက်ရှိရာ  သီတင်းကျွတ်လပြည့်နေ့က ဘုရားဖူးလာရောက်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားကြောင်းသိရသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်း အထင်ကရ ဘုရားများတွင် ဆီမီးပူဇော်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိ သမိုင်းအထင်ကရဘုရားများတွင် ဒေသခံပြည်သူများနှင့်   မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများက သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင် ဆီမီးပူဇော်ခဲ့ကြကြောင်း ရွှေစည်းခုံစေတီ ဂေါပကအဖွဲ့ထံကသိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်လုံးဆိုင်ရာ မီးထွန်းပွဲနှင့်နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁လမ်းနှင့် ၆၂လမ်းကြား ၁၁၇ လမ်းရှိ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (ဃ)ရပ်ကွက်လုံးဆိုင်ရာ မီးထွန်းပွဲနှင့်နိဗ္ဗာန်ဈေး ပွဲတော်အား ယမန်နေ့ ညနေ (၄)နာရီအချိန်ကစ၍ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် သံဃာဂိုဏ်ပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် သံဃာဂုဏ်းပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ(၃)နာရီက ဆူးကုန်းရပ်ကွက် ရေနားသာမဏေကျော်ကျောင်း ဝေရီဇေယျသာသန ဝေပုလ္လကာရီ ဝိသုဂါမ မဟာသိမ်တော်ကြီးတွင် ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့၊ ပုဂံခေတ်အလိုတော်ပြည့်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီး(၃၁၀၀) ထွန်းညှိပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက် ရတနာသိမ်ကျောင်းအတွင်းရှိ ပုဂံခေတ်ကတည်ထားကိုးကွယ်ထားသည့် အလိုတော်ပြည့်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ည(၇:၀၀)နာရီက ဆီမီး (၃၁၀၀) ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်တွင်ကျင်းပသည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် "ဂီတဆည်းဆာ "ပဒေသာကပွဲ ဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

‎‎မန္တလေးတက္ကသိုလ် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် “ဂီတဆည်းဆာ” ပဒေသာကပွဲကို ယမန်နေ့ ညနေ (၄)နာရီမှစပြီး မန္တလေးတက္ကသိုလ်ဝန်းအတွင်း၌ မန္တလေးတက္ကသိုလ် ကျောင်းသား/သူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူများစုပေါင်း၍ အဆို၊ အက၊ တေးဂီတတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး