မန္တလေးတိုင်းဒေသကြီး

စာဖတ်ရှိန်မြှင့်တင်ရေးပွဲအတွက် ဌာနဆိုင်ရာ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာအလှူရှင် ပြည်သူများမှ စာရေးကိရိယာများ၊ အရုပ်များ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပြည်ကြီးတံခွန်မြို့ပေါ်ရှိ စေတနာရှင်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာအလှူရှင်ပြည်သူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲအတွက် စာရေးကိရိယာများ၊ အရုပ်များကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက လှူဒါန်းခဲ့သည်။

မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲစာရင်းဆိုင်ရာလုပ်ငန်းစဥ်များ ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ်မှ လာရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက်၊ ရန်မန်းသံလမ်းနှင့် ၇၈ လမ်းကြားရှိ အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှုနှင့် ပြည်သူများမှ မဲစာရင်းတွင် မိမိအမည်စာရင်း ပါ/မပါ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စိစစ် ဆောင်ရွက်နေမှုများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခွင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဆေးလိပ်ငွေ့ကင်းစင် ပုဂံ‌ရှေးဟောင်း ယဉ်ကျေးမှုဒေသတစ်ခွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်းသိရသည်။

ပြင်ဦးလွင်မြို့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အလှူရှင်များမှ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အလှူရှင်များမှ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ၁၃၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲပြုလုပ်

မန္တလေးရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်း မင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား၏ ၁၃၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား အာရုံခံ တန်ဆောင်ကြီးအတွင်း အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးမြို့ လေးပြင်လေးရပ်မှ ပင့်သံဃာတော်အပါး (၂၅၆၉)ပါး၊ သီလရှင်(၂၅၆၉) ပါးတို့အား လောင်းလှူကြသည်။

ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာတွင် မိုးသီးနှံပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးမိုးသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ စပါယ်တောကျေးရွာတွင်မိုးပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျ ရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁း၃ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၈)နာရီက သူငယ်တော်ကျေးရွာ ကွင်းအမှတ် ၁၃၃၆ ဦးပိုင်အမှတ် ၆၃က/ခ တောင်သူ ဦးကျော်လွင်၏ လယ်မြေ(၃)ဧကတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးထားရှိရာ ကျီးအိပ်ကျေးရွာမှ တောင်သူဦးဆန်းဝင်းစိုက်ပျိုးထားသော ငရုတ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာစန္ဒာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲသို့ တက်ရောက်ကြည်ညိုလောင်းလှူ

ရတနာပုံမန္တလေးမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘ၀ရှင် မင်းတုန်းမင်းတရားကြီး တည်ထားတော်မူခဲ့သည့် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား (၁၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် လေးပြင်လေးရပ်မှ ပင့်သံဃာ အပါး ၂၂၀၀ အား သံဃာ့ဒါနဆွမ်းသပိတ်လောင်းလှူပွဲ အခမ်းအနားကို အောက်တို ဘာလ ၈ ရက်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော် စေတီတော်ရင်ပြင်အင်္ဂါထောင့်နှင့်တောင်ဘက်စောင်းတန်းတို့တွင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပကဥက္ကဋ္ဌ သီဟသုဓမ္မမဏိ ဇောတဓရ ဦးကျော်ဝင်းနှင့်ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်ဘုရားဖူးဧည့်ပရိသတ်များ တက်ရောက်ကြည်ညို လောင်းလှူခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် “မန်းအောင်ဆွေလင်း” ဘော်လီဘောကလပ်ကွင်းသစ်ဖွင့်ပွဲနှင့် အဆင့်မြင့်အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး ဘော်လီဘောအားကစားဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘော်လီဘောလေ့ကျင့်ရေးကွင်း “မန်းအောင်ဆွေလင်း”ဘော်လီ ဘောကလပ်ကွင်းသစ်ဖွင့်ပွဲနှင့် အဆင့်မြင့်အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ် ၁၄ လမ်း၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားရှိ “မန်းအောင်ဆွေလင်း”ဘော်လီဘောကလပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး