ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  အောက်တိုဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးထားရှိရာ ကျီးအိပ်ကျေးရွာမှ တောင်သူဦးဆန်းဝင်းစိုက်ပျိုးထားသော ငရုတ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ကျီးအိပ်ကျေးရွာသည် တိုက်နယ်(၁)တွင်ပါဝင်ပြီး ငရုပ်သီးနှံ(၆၀)ဧက စိုက်ပျိုးထားကြောင်း၊ အခြားတိုက်နယ်ဝင်ကျေးရွာအုပ်စုများဖြစ်သည့် ပန်ခွာကျေးရွာအုပ်စု၌ (၅၉)ဧက၊ ကျီးပြကျေးရွာအုပ်စု၌(၅၂)ဧက၊ သင်ပျိုကျေးရွာအုပ်စု၌(၅၀)ဧက၊ ဒွေးလှကျေးရွာအုပ်စု၌(၅၀)ဧက၊ ငါးဆူးကျေးရွာအုပ်စု၌(၄၀)ဧက၊ ရှားပင်ကျေးရွာအုပ်စု၌(၃၀)ဧက အသီးသီး စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ကျောက်မြို့နယ်၌ ငါးရုတ်သီးနှံများကို တော်သတင်းလလယ်လောက်မှစတင်ပြီးတပိုတွဲလကုန်အထိ  တောင်သူအများစုစိုက်ပျိုးကြပြီး နေရာဒေသနှင့်မြေအမျိုးအစားအလိုက် အခြောက်စိုက်ပျိုးခြင်း (မြေပြင်ထားသည့်မြေကွက်၌ ပေါက်ပြားများဖြင့် ကျင်းဖော်၍ ရေလောင်းစိုက်ပျိုးခြင်း)၊ အစိုစိုက်ပျိုးခြင်း (မြေပြင်ထားသည့်မြေကွက်၌ မြေဘောင်များပြုလုပ်၍ ရေသွင်း၍ စိုက်ပျိုးခြင်း)၊ စိုက်ပျိုးနည်းစနစ်၊ ရာသီဥတုနှင့်အပင်အပြုအစုအပေါ်မူတည်၍ ငရုတ်တစ်ဧကတွင် နေလှန်းပြီးငရုတ်သီး အခြောင်တင်း (၃၀၀)မှ (၅၀၀)တင်းအထိ ရရှိကြောင်း၊ ယခုအခါ ငရုတ်စိုက်တောင်သူအချို့သည် ကုန်ကျစရိတ် သက်သာစေရန်နှင့် ဝင်ငွေအစောရရှိစေရန်အတွက် ငရုတ်သီးခြောက်အဆင့်အထိ မပြုလုပ်ကြဘဲ ငရုတ်သီး အစိမ်းများ ခူးဆွတ်၍ ကုန်စိမ်းပွဲရုံများ၌ ရောင်းချမှုများ ပြုလုပ်ကြကြောင်း ငရုတ်စိုက် တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)