မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးမှ သံအမတ်ကြီး H.E.Mr.Mongkol Visitstump အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးမှ သံအမတ်ကြီး H.E.Mr.Mongkol  Visitstump အား မေလ(၆)ရက်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး

မန္တလေး၊အောင်မြေသာစံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer)ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး (OraVacs)ပထမအကြိမ် တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ကြကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်း စိုက်ပျိုးဧက ၁၅၅၄၈ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက်ပိုမိုစိုက်ပျိုးနိုင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းသီးနှံစိုက်ပျိုးဧက  ၁၅၅၄၈ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ(၄)ရွာတွင် နွေသီးနှံ နွေစပါး (၁၆၆၂) ဧကလျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေး နွေပဲသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေစပါး (၁၆၆၂) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ရွှေစည်းခုံဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူလျက်ရှိရာ မေလအတွင်းရွှေ သင်္ကန်းကပ် လှူခြင်းပြီးစီးတော့မည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အနော်ရထာ မင်းကြီးနှင့်ကျန်စစ်သားမင်းကြီးတို့တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းအား အပိုင်းလေးပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ရာ မေ ၆ ရက်၊ နံနက် ၈ နာရီအချိန်က စတုတ္ထပိုင်းလုပ်ငန်းဖြစ်သည့် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းစတင်လုပ်ကိုင်လျက်ရှိရာ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။

(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် သံဃာတော်(၅)ပါး နေ့ဆွမ်း ဆပ်ကပ်လှူဒါန်း

၂၀၂၅ ခုနှစ်‌၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၁၀ နာရီတွင် မြဝတီခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမ၌   ဘုရားကြီးကျောင်းတိုက်မှ  သံဃာတော်၊ အရှင်သူမြတ်(၅)ပါးတို့အား  နေ့ဆွမ်းများဖြင့် ဆပ်ကပ်လှူဒါန်းသည်။

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်းပိုင်းနေရာ(မိတ္ထီလာတောင်ကန်ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်လုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်းပိုင်းနေရာ(မိတ္ထီလာတောင်ကန်ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်နေမှု လုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဦးလှထွန်း မေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်းသို့ နေ့လယ်စာနှင့် ဆေးပဒေသဘင်လှူဒါန်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်

 (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လူနာများအား နေ့လယ်စာအဟာရဒါနအလှူနှင့် ဆေးပဒေသဘင်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကင်ဆာဖောင်ဒေးရှင်း၌ ဆောင်ရွက်သည်။

တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအား စတုတ္ထနေ့အဖြစ် ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပို့ချပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်ဦ တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအား စတုတ္ထနေ့အဖြစ် ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပို့ချခြင်းကို ယမန်နေ့နံနက်(၈)နာရီက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများ သင်ကြားပို့ချဆောင်ရွက်ကြကြောင်း သိရသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် သတ္တမအကြိမ်မြောက် နွေရာသီဗုဒ္ဓစာပေယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းကျင်းပ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကူတော်ဘုန်းတော်ကြီးကျောင်းတွင် သတ္တမအကြိမ်မြောက် နွေရာသီ ဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ(၄)ရက်နေ့ ညနေ(၅)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး