တံတားဦးခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်

တံတားဦး ဇွန် ၄

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့်တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင် သားသမီးများအား ပညာသင် ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကိရိယာများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပြုလုပ်သည်။

ပညာသင်ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦဖြိုး‌‌ဇော်ကိုကိုက ဝန်ထမ်းမိသားစုများ၏ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့်တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့၌ ပညာသင်ကြားကြမည့် မိသားစုဝင် သား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကိရယာများ ထောက်ပံ့ပေးအပ်ရခြင်းသည် တစ်ဘက်တစ်လမ်းမှ ပညာကိုချီးမြှောက်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သည့် သား၊ သမီးများအနေဖြင့် ပညာကိုဂရုတစိုက် လေ့လာသင်ပေးစေလိုကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြောကြားသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကရိယာများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၃ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး KG တန်း ၇ ဦးတို့အား ပညာသင်စရိတ်ထောက်ပံ့ငွေ ၁,၃၀၀,၀၀၀ ကျပ်၊  ဗလာစာအုပ် ၃၀ ဒါဇင်နှင့် ၈အုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင် သားသမီးစုစုပေါင်း ၆၀ ဦးအတွက် ပစ္စည်းတန်ဖိုးနှင့် ထောက်ပံ့ငွေစုစုပေါင်း ၂,၀၂၅,၇၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)