မန္တလေးတိုင်းဒေသကြီး

မဟာ‌အောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

‎‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ရတနာကောသဘုရားဝင်းအတွင်းရှိ မန်းသိရိန်ဓမ္မာရုံ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးစိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ အဖွဲ့ဝင် ဦးညွန့်ဆန်း၊ အဖွဲ့ဝင် ဒေါ်လွင်လွင်နု၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်၊ ဖိတ်ကြားထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

အမရပူရမြို့နယ်၌  ၁၈နှစ်နှင့်အထက် မဲပေးနိုင်သည့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အခြေခံမဲဆန္ဒရှင်စာရင်းအမည်များကို  အောက်တိုဘာ ၃၀ ရက်က ပထမအကြိမ် ကပ်ထားကြေညာပေးခဲ့ပြီး ယခုဒုတိယအကြိမ်၌ မဲစာရင်းပြည့်စုံမှန်ကန်နိုင်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီက အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ်ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်တိကျစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကာလအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ချမ်းအေးသာစံမြို့နယ် အမှတ် ၁၅ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေး မြို့နယ်တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဒါန်းတိုင်ကျေးရွာတွင်စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားကာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ဒါန်းတိုင်ကျေးရွာ ဦးမင်းမင်း စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းစစ်‌ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အနော်ရထာခန်းမ၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး စံကွက်‌ရိတ်သိမ်းပွဲ ကွင်းသရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး စံကွက်ရိတ်သိမ်းပွဲ ကွင်းသရုပ်ပြပွဲကို အုန်းပင်ခြံကျေးရွာ တောင်သူ ဦးရဲလွင်၏ ကွင်းအမှတ် (၇၀)၊ ဦးပိုင်အမှတ် (၆၉)၊ ဆင်းသုခ (၅.၀၀)ဧက စံပြကွက်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရှစ်လအတွင်း ပြည်တွင်းပြည်ပ ဧည့်သည် ၂၇၅၄၆ ဦးဝင်ရောက်လေ့လာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေ  သနပြတိုက်သို့   ပြည်တွင်းပြည်ပလေ့လာရေးခရီးသွားများထံမှ (၈)လအတွင်း ပြတိုက် ဝင်ကြေးကောက်ခံရရှိမှု ကျပ် ၂၉၃၁၉၀၀၀ ကောက်ခံရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓါတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေးဆွေးနွေးပွဲအား နိုဝင်ဘာ ၈ ရက်၊ နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး